Thursday, June 21, 2007

မွေးရာပါ...

(၂၁-၆-၂၀၀၇) တနင်္လာနေ့ ။ ။ ဒီနေ့ ကျွန်တော့်ကျောမှာ မွေးကတည်းကပါလာတဲ့ မှဲ့ တစ်လုံးကို ခွဲထုတ်ပါမယ်...။ အစကတော့ ကျွနတော့ မှဲ့လေးကို နှမျောနေသေတယ်..။ မှဲ့စလွယ်ဘာညာဆိုပြီး ဂုဏ်ယူခဲ့သေးတာကိုး....။ ဒါပေမဲ့ အိမ်က တိုက်တွန်းလွန်းလို့ ခွဲထုတ်ဖို့ လက်ခံလိုက်တာပါ.....။ တစ်ပတ်ကျော်ကျော်လောက်တော့ Blog နဲ့ ဝေးနေရဦးမယ်ထင်တယ်...။ ပူပူလောင်လောင် ရာသီဥတုကြီးထဲမှာ.... ၀ဋ်ခံရဦးမှာပေါ့...။ ဒါကျွန်တော့် ခန္တာကိုယ်ပေါ်မှာ ပထမဦးဆုံး ခွဲစိတ်ခြင်းပါပဲ....။ အနာကျက်လို့ သက်သာလာရင် Blog ပေါ်ပြန်လာခဲ့ပါမယ်...။

3 comments:

MYO HAN HTUN said...

ကိုနေကြီးရာ .. လွယ်လွယ်လေး .. Photoshop ကဘာလုပ်ဖို့ထားတာလည်းဗျာ .. Healing Brush Tool တို့ Clone Stamp Tool တို့ကိုသုံးလိုက်ပြီးရော .. :D :D

ahmeisoekyi said...

ဘာပြုလို့ လျှောက်ခွဲစိတ်တာတုန်းးး
မကောင်းရို့ရားးး
အိုတေ.. ဂွတ်လဒ်..ကိုနေကြီးး

Steven Alexander said...

It's may be minor case Ko Nay Gyi. I wish good luck for you Nay Gyi Good Luck.