Saturday, June 16, 2007

မိုးတွေရွာရင်.... ကျွန်တော့် DT လေးနဲ့ လျှောက်သွားချင်ပါတယ်...။ မိုးစက်တွေ ကျွန်တော့် ကိုယ်ပေါ်ကို ခုန်ပေါက်ဆင်းလာရင် ကျွန်တော်ပျော်တယ်.....။ တစ်ကိုယ်လုံးရွှဲရွှဲစိုပြီး နှုတ်ခမ်းတွေ ပြာလာမှအိမ်ပြန်တယ်....။ စိတ်ပူစွာ စောင့်နေတာတော့ ကျွန်တော့် အမေပေါ့....။

မိုးတွေရွာရင်.... ကျွန်တော့် အိပ်ခန်း ပြတင်းပေါက်လေးမှာ ထိုင်ရင်း မိုးစက်တွေကို ငေးကြည့်တယ်...။ ဘာကိုမှန်းမသိဘူး ထိုင်လွမ်းတယ်...။

မိုးတွေရွာရင်.... ကျွန်တော် မိုးရေချိုးတယ်...။ ပြီးရင် ခုတင်ပေါ်မှာ ဖက်လုံးလေးခွပြီး စာအုပ်ဖတ်တယ်...။

အခု မိုးတွေရွာရင်.... ကျွန်တော့် Hummer ကားကြီးနဲ့ အပြင်ထွက်တယ်...။ D200 ကင်မရာကြီးနဲ့ ဓာတ်ပုံတွေလျှောက် ရိုက်တယ်...။ ကိုသခင်ကြီး ကို သွားနှိုးတယ်... (ဓာတ်ပုံ ရိုက်သင်ခိုင်းမလို့ပါ...) ။

မိုးတွေရွာရင်.... မန်းလေးမှာ ဒီလိုဖြစ်တယ်...။ ဓာတ်ပုံကြည့်ပါ...။














5 comments:

Unknown said...

woww.. pretty nice photos..
မန္တလေးမှာ ရေတော်တော်ကြီး နေတာပဲ..

Sai Linn Thu said...

photo တွေက မိုက်တယ်ဗျာ..MDY ကို ပြန်ချင်လာပြီဗျာ....လွမ်းတယ်....MDY Photos လေးတွေ တင်ပေးပါဦးဗျာ...ဒါလေးတွေနဲ့ အလွမ်းဖြေရတာ...

Pawakayee said...

အဲဒီလိုမျိုးဓာတ်ပုံတွေ သိပ်ကောင်းတယ် ရှိရင်များများတင်ပေး။

Chan Mya Soe said...

" မိုးရေဖွေးဖွေး မန္တလေး " ဆိုတာ ဒါကိုပြောတာ :)

Min Thu said...

very nice shots! wanna see more new photos from you!