Wednesday, May 30, 2007

၃၀-၅-၂၀၀၇.... မနက် ၇ နာရီခွဲခန့်.... ကျွန်တော် မြောက်ဘက်ကျုံးဘေး၊ သုဓမာဇရပ် နား ရောက်တော့ ဒီကားကြီး လှဲအိပ်နေတာတွေ့တာပဲ....။ ကျွန်တော်လည်း ဆိုင်ကယ်ပေါ်ကနေ အမြန်ဆင်း ပြီးတော့ ကျွန်တော့ရဲ့အသစ်ချပ်ချွတ် Nikon-D200 (ကြော်ငြာလေးပါ) ကင်မရာလေးကို ထုတ်ပြီး ရိုက်တာပေါ့....။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့ကို မော်တော်ပီကယ်တစ်ယောက်က ဘာဖြစ်လို့လဲ ဆိုပြီး အစီအငေါ်မတည့်တဲ့ မေးခွန်းကြီး လာမေးတယ်...။ ဘာလို့လဲဆိုတော့ သူကအရင်ရောက်နေပြီး မေးတောင်မေးပြီးပြီ ထင်တာပဲ...။ ကျွန်တော်လည်း ဘယ်ရမလဲ ကျွန်တော်က Blogger သတင်းထောက်တစ်ရောက်ပါ လို့ပြောလိုက်တာပေါ့...။ အဲ့တော့ သူက ဟုတ်ကဲ့ခင်ဗျ ဆိုပြီး ကားဆရာကို ဘာတွေသွားမေးလဲမသိပါဘူး...။ ကျွန်တော်လည်း စိတ်ကြိုက် ရိုက်ပြီး ပြန်ထွက်လာတာပေါ့...။ ဘာမှတော့ မေးခဲ့ရဘူး....။






4 comments:

Chan Mya Soe said...

ဟားဟား ... ဘလော်ဂါ သတင်းထောက် ... အေးရော
မော်တော်ပီကယ်တွေ ဘာမှ သိမှာ မဟုတ်ဘူး :D

Steven Alexander said...

ဘလော်ဂါ သတင်းထောက် အင်း ... မိုက်တယ် အေးရော ... အတော်တော့စဉ်းစားရလိမ့်မယ်

Wai Myint Maw said...
This comment has been removed by the author.
Wai Myint Maw said...

မော်တော်ပီကယ်-"ညီလေး
ဘယ်လိုဖြစ်တာလဲ?"

ကားသမား-"ဟို...ဟိုဟာ...တိုက်လော့ပြုတ်..."

မော်တော်ပီကယ်-"မင်းတို့ ပြောလိုက်ရင် ဟိုဟာေုကာင့်..ဒီဟာေုကာင့်နဲ့ အစကတည်းက ယာဉ်ရဲ့ကျန့်ခိုင်မှု့ကို စစ်မှပေါ့ကွ..မင်းတို့ကောင်တွေ *.x..&..+..x..#..xx.x.x...ငါကတော့ အရေးယူရမှာပဲ"

ကားသမား-"မလုပ်ပါနဲ့..အာစရိရယ်..$$$$$$$$$$"

မော်တော်ပီကယ်-"မရဘူးကွ..မရဘူး...အရေးယူရမှာပဲ..ဟိုမှာ ဘလော်ကာသတင်းထောက် ဆိုတာုကီးရှိတယ်ကွ မင်းမမြင်ဘူးလား..အီး....ဟီး...ဟီး....."