Wednesday, May 30, 2007

၃၀-၅-၂၀၀၇.... မနက် ၇ နာရီခွဲခန့်.... ကျွန်တော် မြောက်ဘက်ကျုံးဘေး၊ သုဓမာဇရပ် နား ရောက်တော့ ဒီကားကြီး လှဲအိပ်နေတာတွေ့တာပဲ....။ ကျွန်တော်လည်း ဆိုင်ကယ်ပေါ်ကနေ အမြန်ဆင်း ပြီးတော့ ကျွန်တော့ရဲ့အသစ်ချပ်ချွတ် Nikon-D200 (ကြော်ငြာလေးပါ) ကင်မရာလေးကို ထုတ်ပြီး ရိုက်တာပေါ့....။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့ကို မော်တော်ပီကယ်တစ်ယောက်က ဘာဖြစ်လို့လဲ ဆိုပြီး အစီအငေါ်မတည့်တဲ့ မေးခွန်းကြီး လာမေးတယ်...။ ဘာလို့လဲဆိုတော့ သူကအရင်ရောက်နေပြီး မေးတောင်မေးပြီးပြီ ထင်တာပဲ...။ ကျွန်တော်လည်း ဘယ်ရမလဲ ကျွန်တော်က Blogger သတင်းထောက်တစ်ရောက်ပါ လို့ပြောလိုက်တာပေါ့...။ အဲ့တော့ သူက ဟုတ်ကဲ့ခင်ဗျ ဆိုပြီး ကားဆရာကို ဘာတွေသွားမေးလဲမသိပါဘူး...။ ကျွန်တော်လည်း စိတ်ကြိုက် ရိုက်ပြီး ပြန်ထွက်လာတာပေါ့...။ ဘာမှတော့ မေးခဲ့ရဘူး....။






Tuesday, May 29, 2007






ဂုဏ်ယူပါတယ် မန်ယူ....

Sunday, May 27, 2007


နံနက်ခင်းဆိုတာ နေ့တစ်နေ့ရဲ့ အစဖြစ်သလို.... မနေ့ညကို အဆုံးသတ်တာလည်း ဖြစ်ပါတယ်....။ အဲ... ပြီးတော့.... ပြီးတော့..... ဟီး.. သိတော့ဘူး ... ကျွန်တော်ရိုက်ထားတာကောင်းလား....။ အဓိက က အဲ့ဒါပြောချင်တာ...။

Sunday, May 13, 2007

တစ်နေ့မှာဗျာ ကိုသခင်ကြီး က ကျွန်တော့ကို Nikon D200 ကင်မရာကြီး လာပေးတယ်ဗျ...။ ကင်မရာကြီးက အရမ်းလှပြီး၊ မှန်ဘီလူးကလည်း အကြီးကြီးပဲဗျ... တစ်တောင်လောက်တောင် ရှိတယ်...။ ကျွန်တော်လည်း အရမ်းကို ၀မ်းသာသွားတယ်ဗျာ...။ ကိုသခင်ကြီးကိုလည်း အရမ်းကျေဇူးတင်မိပါတယ်...။ ဒါပေမဲ့... တံဆိပ်က 2D00 တဲ့ဗျာ။ ကျွန်တော်လည်း အစ်ကို D200 မဟုတ်ဘူးလားလို့ မေးတော့... နောက်ထွက်တဲ့ဟာက ဒီလိုပဲတဲ့။ ကျွန်တ်ာလည်းသိမှမသိတာ လျှာရှည်မနေတော့ပါဘူး။ အဲ့ဒီမှာ... ကိုသခင်ကြီးက စမ်းရိုက်ကြည့်ပါဦးတဲ့...။ ကျွန်တော်လည်း ရိုက်ချင်စိတ်က အတော်ကိုပြင်းထန်နေတဲ့ အချိန်ပေါ့ဗျာ...။ ကျွန်တော် ကင်မရာကြီးကို ဟိုဒီချိန်ကြည့်တော့ ကျွန်တော့ မြင်ကွင်းထဲကို အရင်ဆုံးဝင်လာသူကတော့... ကျွန်တော့ အမေခင်ဗျ...။ ကျွန်တော်လည်း Zoom ကို သေချာဆွဲပြီး ရိုက်လိုက်တာ... ဒါပေမဲ့ ကင်မရာကြီးကို မနိုင်တော့ လက်ကမငြိမ်ဘူး ဖြစ်နေတယ်...။ ကိုသခင်ကြီးက ဘယ်လိုလဲ ကြိုက်လားတဲ့...။ ဟာ... အရမ်းကြိုက်တာပေါ့ အစ်ကိုရာဆိုတော့... သူကပြောတယ်... အေးးးးးးး ကြယ်သုံးလုံး စတိုးရှေ့တော့ မသွားသေးနဲ့အုံးတဲ့... မင်းပိုက်ဆံကတစ်ဝက်ပဲ ပေးရသေးတာတဲ့...။ ကျွန်တော်ကလည်း အော်... ဟုတ်ကဲ့ပေါ့...။ ဘာပြောစရာရှိမှာလဲ ကိုသခင်ကြီးကပဲ အကုန်လိုက်လုပ်ပေးနေတာ ဆိုတော့...။ ဒါနဲ့... ဘယ်လိုကနေ ဘယ်လို မေမြို့ ကန်တော်ကြီးထဲ ရောက်သွားလဲ မသိပါဘူး... အရင်ကမတွေ့ဘူးတဲ့ စတိုးဆိုင်တစ်ဆိုင်ထဲ ရောက်သွားတယ်ဗျ...။ ကန်တော်ကြီးထဲမှာလည်း စတိုးဆိုင်မရှိပါဘူးနော့...။ အဲ့ဒီဆိုင်ထဲမှာရှိတဲ့ အိတ်ပြားပြားလေးလို ပျော့စိစိအရာလေးတစ်ခု ကိုသခင်ကြီးက ယူပေးတယ်ဗျ...။ ကိုသခင်ကြီးကပဲ အဲ့ဒီ အိတ်လေးထိပ်က ဟာလေးတွေကို ဆွဲဖြုတ်လိုက်တော့... ကြည့်လို့ရတဲ့ မှန်ဘီလူးလေး ခင်ဗျ...။ အံ့သြစရာကြီးဗျာ...။ ကျွန်တော်ယူကြည့်လိုက်တော့ အမှောင်ထဲကြည့်ရတဲ့ ဟာလေးဗျ...။ မြင်ရတဲ့ပုံစံလေးက အစိမ်းရောင်လေးတွေနဲ့...။ ညှစ်လိုက်ရင် အနီအောက်ရောင်ခြည်နဲ့လည်း ကြည့်လို့ရတယ်ဗျ...။ ကိုသခင်ကြီးက ယူလိုက်တဲ့... အသုံးဝင်တယ်တဲ့... သူတောင်တစ်ခုဝယ်ထားသေးတယ်ဆိုပဲ...။ ဘယ်လောက်လဲ မေးတော့ ၆၉၀၀ တဲ့...။ တန်တယ်ကွဆိုပြီး ၀ယ်မယ်အလုပ်မှာ...။ ကျွန်တော့်နှိုးစက်မြည်ပြီး နိုးလာတာပါပဲဗျာ...။



အစကတော့ ဒီပိုစ်ကို ရေးဖို့ စိတ်ကူးမရှိပါဘူးဗျာ…။ ကိုဇော်မိုးအောင် ကို ကျွန်တော်ဒီလို အိမ်မက် မက်တယ်လို့ပြောပြတာ…။ သူက ရေးတင်လိုက်ပါလားလို့ အကြံပေးလို့ ရေးဖြစ်သွားတာပါ…။ ကျွန်တော်ဘာသာ ပြန်ဖတ်တာတောင် ဘာတွေမှန်းမသိဘူး…။ ရူးတောင် ရူးချင်တယ်…။ ဖတ်မိလိုက်လို့ ရူးသွားရင်တော့ မတတ်နိုင်ဘူးနော်… ဟဲဟဲ။

Wednesday, May 2, 2007

ကျွန်တော် နှစ်ဆန်း (၁) ရက်နေ့ မေမြို့တက်တုန်းက ကန်တော်ကြီးထဲမှာရှိတဲ့ နှင်းဆီပန်းလေးတွေကို လက်ကမြင်းထားတာပါ....။ ဘာပိုစ့်တင်ရမယ်မှန်း မသိတာနဲ့ အကြံအဖန်ထုကြည့်တာ....။ တော်သေးတယ် ဟိုလျှောက်ရိုက်၊ ဒီလျှောက်ရိုက် အကျင့်ကလေးရှိနေလို့....။ အခုတော့ ကျွန်တော့်မှာ ကင်မရာမရှိတော့ဘူးဗျ....။ အဖေက ကင်မရာအသစ်ကလေး ၀ယ်ပေးမယ်တဲ့။ D200 တောင်ဆိုပဲ... အဲ့ဒီလိုပြောပြီး ကျွန်တော့ ကင်မရာလေးကို ရောင်းစားပစ်တယ်။ အိမ်မက်တွေပေးပြီး အခုတော့ ကျွန်တော့မှာ ကင်မရာ အရှိသေးဘူးဗျ... ဟီး..ဟီး...ဟီး... ပြောရင်းပြောရင်းကနေ ငိုချင်စိတ်တွေ ပေါက်ပြီး မျက်ရည်တွေတောင် ၀ဲလာပြီဗျာ....။ အရိုးမရှိတဲ့ခွေး.. အဲ.. ဟုတ်သေးပါဘူး...။ ခွေးဖြစ်သွားမှာပေါ့..။ အရုပ်မရှိတဲ့ကလေး၊ သေနတ်မရှိတဲ့ စစ်သား၊ အသင်းမရှိတဲ့ မန်နေဂျာ၊ နို့ဆီခွက်မရှိတဲ့ အရူးတစ်ယောက်လို ဟာတာတာကြီး ဖြစ်နေတယ်ဗျာ...။ ကဲ.. ဒီလောက်ဆိုရင်သဘောပေါက် လောက်ရောပေါ့...။ ကင်မရာတစ်လုံးလောက် အမြန်ဝယ်ပြီး ကျွန်တော့ဆီကို အရောက်ပို့ကြပါတော့ဗျာ....။ ကျေးဇူးတင်ပါတယ်......။