Saturday, April 21, 2007

နှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ သင်္ကြန်အခါမှာ အတော်လေးကို ကဲခဲ့တယ်လို့ပြောလို့ရပါတယ်။ သင်္ကြန် ပြီးသွားတာတောင် နှစ်ဆန်းတစ်ရက်နေ့ မေမြို့တက် ကဲလိုက်သေးတယ်ခင်ဗျ။ ကုသိုလ်ရေးကတော့ နှစ်ဆန်းတစ်ရက်နေ့ အိမ်မှာ အန္တရာယ်ကင်း ပရိတ်ရွတ်တာ ရေစက်ချ၊ အမျှဝေလောက်တော့ မှီလိုက်ပါတယ်။ သင်္ကြန်က...ဗျာ လည်သာလည်ရတယ် သိပ်မစည်ကားဘူးဗျ။ ကားတွေက ကြပ်နေပြီးတော့ Alpine မဏ္ဍပ်ရှေ့မှာဆိုရင် ကားတွေက ရှေ့ဆက်မသွားတော့ပဲ ရပ်ထားကြတာ။ နောက်ကကားတွေက ကြည့်လည်းမကြည့်ရ၊ ရေလည်းမစိုနဲ့ အတော်စိတ်ညစ်ကြရပါတယ်။ ကားရှင်းပေးမယ့် ယာဉ်ထိန်းတွေကလည်း ဘယ်ပျောက်နေမှန်းမသိဘူး။ ကျွန်တော့စိတ်ထဲမှာ အိမ်မှာထိုင်နေတာကမှ နေပူသက်သာလိမ့်မယ်လို့တောင် တွေးမိသေးတယ်။ ဒါပေမယ့် ရေစိုသွားပြီး DJ သံလေးလည်းကြားရော ပြန်ပျော်သွားတာပါပဲ။ ကျွန်တော် သင်္ကြန်လည်တဲ့ စတိုင်လေးတွေရယ်၊ သူငယ်ချင်းအုပ်စုလိုက်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဝေဖန်ပေးကြပါအုံး။








2 comments:

Myo Kyaw Htun said...

I know how happy you are in Thin Gyan.

Oop! :( I miss Thin Gyi.

Thanks for your photos

Kyaw said...

That is a Russian Jeep. A rare car. You guys rock!