Monday, April 2, 2007

ကျွန်တော် Blog နဲ့တော်တော် အဆက်ပြတ်သွားတယ်။ အကြောင်းကတော့ မတင်မိုးလွင်ရဲ့ Personal Grooming ၁၀ ရက်သင်တန်း တက်တာကစတာပဲ။ Blogger ကိုဇော်မိုးအောင် ရယ်၊ ကိုဝေမြင့်မော် ရယ်..... နှစ်ယောက်စလုံးပါတယ်ဗျ။ ကျွန်တော်နဲ့ဆိုရင် Blogger ချည်းပဲသုံးယောက်ပေါ့။ ကျွန်တော်ရယ်၊ ကိုဝေမြင့်မော်ရယ်က သင်ပြီးဘာမှမလုပ်လိုက်ရပါဘူး။ ကျွန်တော်ကရှက်လို့။ ကိုဝေမြင့်မော်က နားခွဲထားလို့ပါ။ ကိုဇော်မိုးအောင်ကတော့ သူ့အနုပညာစွမ်းကို အားကြိုးမာန်တက် ထုတ်ဖော်သွားပါတယ်။ Cat Walk လျှောက်တယ်၊ Dancer လုပ်တယ်၊ သီချင်းဆိုတယ်။ Ulter Violet ဆိုပြီး Dancer အဖွဲ့တောင် ဖွဲ့ထားလိုက်သေးတယ်။ နာမည်က မတင်မိုးလွင် ပေးတာပါ။ ကိုဇော်တို့တော်တော် ကလိုက်ရတယ်။ Sky Walk ၊ ရွှေဖြူပလာဇာ၊ Swanဟိုတယ် တို့မှာပါ။ အဲ့ဒီပုံတွေလည်း နောက်တင်ပေးပါဦးမယ်။ ကျွန်တော်ကတော့ Camera man ပေါ့။ မမိုး ကလုပ်ပါဆိုလို့။ တော်တော်ပင်ပန်းတယ်ဗျ။ ဒါပေမဲ့ မုန့်ဖိုးလေးတော့ ရတယ်ဗျ။













5 comments:

Chan Mya Soe said...

ဒါ့ကြောင့်ပျောက်နေတာကိုး ဓာတ်ပုံတွေ အတွက် ကျေးဇူးတင်ပါတယ် ... ဓာတ်ပုံတွေတကယ်လည်း မိုက်တယ် အထူးသဖြင့် Dancer တွေ ဟို ဆံရှည် Dancer ရောပဲ ဟဟ :)

D Moe Thit said...

ငါ့ပုံအကြီးကြီးတွေ မတင်နဲ့နော် ..............

Myo Kyaw Htun said...

ဟာ...ပုံတွေကတော့ လန်ထွက်နေတာပဲ :)

MYO HAN HTUN said...

မန္တလေးမှာ အဲဂလိုတွေတောင် ဖြစ်နေကြပါပေါ့လား ..

Unknown said...

ကျနော်လည်း ခုတလောမော်ဒယ်လုပ်ချင်နေတယ်ဗျ...ဘလော့တော့လုပ်မထားဘူး။ friendster တောင်စော်လေးတွေကြူလို့ကောင်းလို့လုပ်ထားတာ။..ဟီးဟီး...ကြုံရင်ဝင်ကြည့်လိုက်ပါဦးhttp://www.friendster.com/kryptonate
ရဲထွဋ်ဝင်း