Monday, April 30, 2007

ကျွန်တော်ကို ၀ိုင်းပြောကြလို့ဗျာ.....။ ဘာရေးရမှန်းလည်းမသိ ဒုက္ခကိုရောက်ရော.......။ သူများအကြောင်းရေးရတာ လွယ်သလောက် ကိုယ့်ကိုကိုယ်ပြန်ရေးရတော့ တော်တော်ခက်တယ်ဗျာ.......။ ကျွန်တော်တတ်သလောက်၊ မှတ်သလောက် ကိုယ့်ကိုကိုယ် ဝေဖန်လိုက်ပါတယ်.........။

၁။ ကျွန်တော်ကသာ ၀၀၊ မဲမဲ ဖြစ်နေပေမဲ့ ၀၀၊ မဲမဲ တွေကိုမကြိုက်ဘူးခင်ဗျ..။ (မှတ်ချက်။ ။ ကျွန်တော် ကတော့ ချောပါတယ်နော်......။)

၂။ ဟိဟိ..... မြင်တဲ့အတိုင်းပဲ.... ကျွန်တော်က ကိုယ့်ကိုကိုယ်လည်း နည်းနည်း အထင်ကြီးတတ်တယ်ခင်ဗျ.......။

၃။ သူများတွေကိုလည်း အားမနာ၊ လျှာမကျိုး တည့်တိုးကြီးတွေ ပြောတတ်သေးတယ်ခင်ဗျ.......။

၎။ ကျွန်တော်က သီချင်းဆိုလည်း ၀ါသနာပါတယ်ခင်ဗျ......။ သူငယ်ချင်းတွေနဲ့ သီချင်းသွားဆိုရင် ကျွန်တော့ကို ၀ိုင်းပြောကြတယ် မိုက်ခဲကြီးတဲ့......။

၅။ ကျွန်တော်က ဟိုစပ်စပ်ဒီစပ်စပ်လည်း ပါတတ်သေးတယ်ခင်ဗျ......။ ဘယ်ဟာမှလည်းပြီးအောင် မလုပ်ဘူးဗျ.......။ တအားကြီးစိတ်ဝင်စားတာ လေးတွေကလွဲလို့ပေါ့......။ ဥပမာ။ ။ ဘလော့......။

၆။ ကျွန်တော်တစ်ခါတစ်လေ တစ်ယောက်ယောက်ကို အားရပါးရ လက်သီးနဲ့ ဆွဲထိုးပစ်ချင်စိတ် ပေါ်တတ်တယ်ခင်ဗျ......။ ဒါပေမဲ့ အခုအထိတော့ ဘယ်သူ့ကိုမှ မလုပ်ရသေးပါဘူး.......ဟဲဟဲ။

ရ။ ကျွန်တော်က ဓာတ်ပုံရိုက်ရတာဝါသနာပါသလို၊ ကိုယ်ကိုတိုင် အရိုက်ခံရတာလည်း သဘောကျတယ်ခင်ဗျ....... ဓာတ်ပုံကိုပြောတာနော်..... ဟိဟိ....။

၈။ ကျွန်တော့်အိမ်ကချက်တဲ့ ဟင်းတွေကို ဘယ်တော့မှ ကောင်းတယ်မထင်ဘူးဗျ......။ (သူငယ်ချင်းတွေအိမ်ပဲ လိုက်စားတတ်တယ်..... ဟဲဟဲ....။)

၉။ ကျွန်တော်လေ စာမေးပွဲတွေဆိုရင်လည်း မကျအောင်ပဲ ဖြေတတ်တယ်....။ ထူးချွန်အောင် မဖြေတတ်ဘူးခင်ဗျ.....။ (ဒါကြောင့် ဟိုမရောက် ဒီမရောက်နဲ့ တိုးလို့ တွဲလဲကြီး ဖြစ်နေတယ်ခင်ဗျ..... ဟဲဟဲ.. အခြေအနေကိုပြောတာနော်...။)

၁၀။ နောက်ဆုံးတစ်ချက်အနေနဲ့ ကျွန်တော်ကလေ သိပ်သ၀န်တိုတတ်တယ်ခင်ဗျ........။ (ကျွန်တော့ ကောင်မလေးအသိ.... ဟိဟိ။)


တော်တော်ဖြစ်ညှစ်ပြီး ရေးလိုက်တာဗျ.....။ အထင်များကြီးကြမလားလို့..... ဟဲဟဲ...။

Sunday, April 22, 2007

Banner လေးကို အသစ်ပြောင်းထားလိုက်တယ်....။ အစကတော့ ပြောင်းဖို့ မရည်ရွယ်ပါဘူး...။ ကိုသခင်ကြီး ဆီမှာ ဓာတ်ပုံသွားရိုက်ရင်းက ဒီပုံလေးကို သဘောကျလို့.... ကိုသခင်ကြီးရေ ဒီပုံလေးကို Banner လုပ်ရင်ကောင်းမလားလို့ မေးလိုက်တာ... ကောင်းတယ်ချ ဆိုတာနဲ့လုပ်ဖြစ်သွားတာပါ....။ ဓာတ်ပုံလေးတွေက ကိုသခင်ကြီးရိုက်ပေးတာပါ....။


နှစ်ဆန်း (၁) ရက်နေ့ ကျွန်တော် မေမြို့ သွားတုန်းက ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ ကားလမ်းဘေး ခဏနားနေတုန်း ဖြတ်သွားတဲ့ ကားတွေကို ရိုက်ထားတာပါ။ ကျန်တာလေးတွေကတော့ ကျွန်တော်ကန်တော်ကြီးရယ်၊ ပုံစံငယ်ထဲမှာ ရိုက်ခဲ့တဲ့ပုံလေးတွေပါ။




Saturday, April 21, 2007

နှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ သင်္ကြန်အခါမှာ အတော်လေးကို ကဲခဲ့တယ်လို့ပြောလို့ရပါတယ်။ သင်္ကြန် ပြီးသွားတာတောင် နှစ်ဆန်းတစ်ရက်နေ့ မေမြို့တက် ကဲလိုက်သေးတယ်ခင်ဗျ။ ကုသိုလ်ရေးကတော့ နှစ်ဆန်းတစ်ရက်နေ့ အိမ်မှာ အန္တရာယ်ကင်း ပရိတ်ရွတ်တာ ရေစက်ချ၊ အမျှဝေလောက်တော့ မှီလိုက်ပါတယ်။ သင်္ကြန်က...ဗျာ လည်သာလည်ရတယ် သိပ်မစည်ကားဘူးဗျ။ ကားတွေက ကြပ်နေပြီးတော့ Alpine မဏ္ဍပ်ရှေ့မှာဆိုရင် ကားတွေက ရှေ့ဆက်မသွားတော့ပဲ ရပ်ထားကြတာ။ နောက်ကကားတွေက ကြည့်လည်းမကြည့်ရ၊ ရေလည်းမစိုနဲ့ အတော်စိတ်ညစ်ကြရပါတယ်။ ကားရှင်းပေးမယ့် ယာဉ်ထိန်းတွေကလည်း ဘယ်ပျောက်နေမှန်းမသိဘူး။ ကျွန်တော့စိတ်ထဲမှာ အိမ်မှာထိုင်နေတာကမှ နေပူသက်သာလိမ့်မယ်လို့တောင် တွေးမိသေးတယ်။ ဒါပေမယ့် ရေစိုသွားပြီး DJ သံလေးလည်းကြားရော ပြန်ပျော်သွားတာပါပဲ။ ကျွန်တော် သင်္ကြန်လည်တဲ့ စတိုင်လေးတွေရယ်၊ သူငယ်ချင်းအုပ်စုလိုက်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဝေဖန်ပေးကြပါအုံး။








Monday, April 9, 2007

သြော်... ဘာလိုလိုနဲ့ သင်္ကြန်တောင်ရောက်တော့မှာပါလား။ ကျွန်တော့် ရင်ထဲမှာ ဒီနှစ်မှ တစ်မျိုးတစ်မည် ခံစားနေရတယ်။ ကျွန်တော်ကိုယ်တိုင်တောင် အံ့သြယူရပါတယ်။ နှစ်စဉ် သင်္ကြမရောက်ခင်ကတည်းက အရမ်းတက်ကြွတဲ့ ကျွန်တော်၊ အရမ်းပျော်ချင်တဲ့ကျွန်တော်က ဒီနှစ်မှာ သိပ်စိတ်မပါသလို ဖြစ်နေတယ်။ သူငယ်ချင်းတွေနဲ့လည်း သိပ်မတွေ့ဖြစ်တော့ လည်မဲ့လူက သိပ်မရှိဘူးဖြစ်နေတယ်။ ကျွန်တော့ အသက် ၂၂ နှစ်ပါ။ မကြီးသေးဘူးဆိုပေမဲ့ မငယ်တော့တဲ့အရွယ်ပါ။ အရင်ကသူငယ်ချင်းတွေနဲ့ ဘယ်လောက်သွားသွား မပင်ပန်းတဲ့ကျွန်တော်က သူတို့ဆီသွားရမှာတောင် ပင်ပန်းတယ်ထင်နေပါတယ်။ အေးအေးဆေးဆေးနေပြီး ရှေ့ရေးကိုပဲစဉ်းစားနေမိတယ်။ ကျွန်တော့်ဘ၀ကို တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ စဉ်းစားနေမိတယ်။ ကျွန်တော်ယခုအချိန်အထိ အလုပ်ကို ကောင်းကောင်း မလုပ်ဖူးသေးပါဘူး။ ကျွန်တော်ဘ၀က မတောင့်မတ မကြောင့်မကျ နေရတယ်ဆိုပေမဲ့ ကျွန်တော် ဘ၀င်မကျနိုင်သေးပါဘူး။ ဘယ်သူ့ကိုမှ မမှီခိုပဲ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ တစ်ယောက် ဖြစ်ချင်တယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်။ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကြားထဲမှာ မျက်နှာငယ်ရတဲ့သူမဖြစ်ချင်ဘူး။ ပြန်တွေ့လို့မှ သူငယ်ချင်းရေ လို့မခေါ်ဝံ့သူ ဖြစ်မှာကြောက်တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ပြည့်ပြည့်စုံစုံနဲ့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ နေခဲ့ရသူဆိုတော့ ဆင်းရဲမှာကိုကြောက်တယ်။ လောကဓံရဲ့ ကြည်စယ်မှုတွေကိုကြောက်တယ်။ ဒါတွေကို ကျွန်တော်လုံးဝ အမြစ်ပြတ်အောင် မတွန်းလှန်နိုင်တာကို သိပါတယ်။ ဒါပေမဲ့ ကြုံတွေ့လာခဲ့ရင် ကျွန်တော့မှာ တောင့်ခံနိုင်ရမဲ့ စွမ်းအားတွေ၊ အတွေအကြုံတွေ၊ အပူတွေဝေမျှယူပေးမဲ့ မိသားစုတွေ ကျွန်တော်လိုအပ်ပါတယ်။ ကျွန်တော်တရားလက်လွတ် မဆိုချင်ပါဘူး။ ဒါပေမဲ့ အေးချမ်းသာယာပြီး တည်ငြိမ်တဲ့ ဘ၀တစ်ခုကိုတော့ ကျွန်တော် တည်ဆောက်နိုင်ချင်ပါတယ်။ ဒီလိုအတွေးတွေ၊ ခံစားချက်တွေ ခုမှဝင်လာတာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ ပြင်းထန်လာတာတော့ သိပ်မကြာသေးပါဘူး။ ဒီခံစားချက်တွေကြောင့်ပဲထင်တယ် အခုတစ်လော ကျွန်တော် သိပ်ဒေါသထွက်လွယ်တာပဲ။ သည်းခံချင်စိတ်လည်း ပျောက်ဆုံးနေတယ်။ စိတ်ညစ်ရတာလဲ ခဏခဏပါပဲ။ ကျွန်တော့ကိုနားလည်ပြီး သည်းခံပြီး အပူအပင်တွေကို ဖြေဖျောက်ပေးမဲ့သူကလည်း မရှိဘူး။ ကိုယ်စိတ်ကို ကိုယ်ကိုတိုင်ကပဲ ဖြေဖျောက်နေရတယ်။ ကျွန်တော့် ချစ်သူကလည်း ကလေးပဲဆန်နေပြီး ကျွန်တော့စိတ်ကို သိပ်နားမလည်ဘူး။ သူ့ကြောင့် စိတ်ညစ်ရတာတွေလည်း ရှိတယ်။ သူ့ကြောင့် ပျော်ရတာတွေလည်း ရှိတယ်။ ဒီလိုအပူတွေကြောင့် ကျွန်တော် သင်္ကြန်ကို သိပ်စိတ်မ၀င်စားနိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အယူအရ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ မပါလာအောင် အတာရေနဲ့ ဆေးကြောတယ်တဲ့။ ကျွန်တော်လည်းကျွန်တော့ ရဲ့စိတ်အညစ်အကြေးတွေကို နှစ်ဟောင်းမှာပဲ ထားခဲ့နိုင်အောင်၊ ပြီးတော့ ကျွန်တော့ရည်မှန်းချက်တွေကို အောင်မြင်ပြီးမြောက်အောင် ကြိုးစားပါ့မယ်လို့ ကတိပြုပါတယ်။ ကျွန်တော့် နည်းတူ စိတ်အညစ်အကြေးတွေ ရှိသူများလည်း မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဆင်နွဲရင်း ပျော်ရွှင်နိုင်ပါစေလို့.......................။

Wednesday, April 4, 2007

ရွှေဖြူပလာဇာမှာပါ။ အစမ်းလေ့ကျင့်တဲ့နေ့က ကျွန်တော်လိုက်ရိုက်ထားတဲ့ ပုံလေးတွေပါ။ တော်တော်လည်း ပျော်စရာကောင်းသလို စိတ်ညစ်စရာတွေလည်း ကြုံတွေခဲ့ရပါတယ်။ အတွေ့အကြုံလေးတွေပေါ့ဗျာ။ ဝေမျှလိုက်တာပါ။ ကိုဇော်မိုးအောင်ကတော့ တွေ့တယ်မဟုတ်လား။ အနုပညာတွေကို အစွမ်းကုန်အသုံးချနေတာ။ တကယ့်ကိုအားပါတယ်ဗျာ။ ကျွန်တော်ကတော့ စားနေ၊ သောက်နေတာနဲ့ပဲ ပြီးနေတာ။ ၀တာလည်းမပြောနဲ့။ လှချင်တာလဲအလွန်။ ကိုယ့်ကိုကိုယ် ကအထင်ကြီးသေးတယ်။ ကဲ.... နောက်မှပြန်တွေ့ကြတာပေါ့ဗျာ။











Monday, April 2, 2007

ကျွန်တော် Blog နဲ့တော်တော် အဆက်ပြတ်သွားတယ်။ အကြောင်းကတော့ မတင်မိုးလွင်ရဲ့ Personal Grooming ၁၀ ရက်သင်တန်း တက်တာကစတာပဲ။ Blogger ကိုဇော်မိုးအောင် ရယ်၊ ကိုဝေမြင့်မော် ရယ်..... နှစ်ယောက်စလုံးပါတယ်ဗျ။ ကျွန်တော်နဲ့ဆိုရင် Blogger ချည်းပဲသုံးယောက်ပေါ့။ ကျွန်တော်ရယ်၊ ကိုဝေမြင့်မော်ရယ်က သင်ပြီးဘာမှမလုပ်လိုက်ရပါဘူး။ ကျွန်တော်ကရှက်လို့။ ကိုဝေမြင့်မော်က နားခွဲထားလို့ပါ။ ကိုဇော်မိုးအောင်ကတော့ သူ့အနုပညာစွမ်းကို အားကြိုးမာန်တက် ထုတ်ဖော်သွားပါတယ်။ Cat Walk လျှောက်တယ်၊ Dancer လုပ်တယ်၊ သီချင်းဆိုတယ်။ Ulter Violet ဆိုပြီး Dancer အဖွဲ့တောင် ဖွဲ့ထားလိုက်သေးတယ်။ နာမည်က မတင်မိုးလွင် ပေးတာပါ။ ကိုဇော်တို့တော်တော် ကလိုက်ရတယ်။ Sky Walk ၊ ရွှေဖြူပလာဇာ၊ Swanဟိုတယ် တို့မှာပါ။ အဲ့ဒီပုံတွေလည်း နောက်တင်ပေးပါဦးမယ်။ ကျွန်တော်ကတော့ Camera man ပေါ့။ မမိုး ကလုပ်ပါဆိုလို့။ တော်တော်ပင်ပန်းတယ်ဗျ။ ဒါပေမဲ့ မုန့်ဖိုးလေးတော့ ရတယ်ဗျ။