Tuesday, March 20, 2007


ကိုဝေမြင့်မော် ပြောလို့ နေကြတ်တာကို ၁၉ရက် နံနက် ၉း၀၀ နာရီမတိုင်ခင် နေကိုမော့မော့ကြည့်နေတာဗျာ... မျက်လုံးတောင်ပြာတယ်။ ကိုဇော်မိုးအောင်ပြောမှ စိတ်လျှော့လိုက်တာ။ ၈း၀၀ နာရီ ကတည်းကကြတ်ပြီးသွားပြီတဲ့...။ ကျွန်တော့်မှာ ကင်မရာလေးကိုင်ပြီး ရတနာပုံဈေး အပေါ်ထပ်မှာ ဘေးကလူတွေကို ဆရာကြီးလုပ်ပြီး အပြီစောင့်နေတာဗျ။အဲ... မကြတ်တော့ဘူး ဆိုတာကိုသိမှ အရှုံးတော့ မခံဘူးဆိုပြီး ရှိတဲ့နေကို ရိုက်ယူလာခဲ့တာ...။ ဒါကို ... ကိုဝေမြင့်မော် က ပြောသေးတယ်... ဟောင်ကောင် အချိန်နဲ့ မှားသွားလို့တဲ့...။



ရတနာပုံဈေး အပေါ်ထပ်ကနေ လက်ဆော့ထားတာပါ။ ရွှေဖြူ ပလာဇာလေ...။

4 comments:

Chan Mya Soe said...

ညီရေ ... ဓာတ်ပုံတွေအတွက် ကျေးဇူးတင်တယ်ကွာ .. ညီ့ရဲ့ဘလော့ကို နေ့တိုင်းဝင်ဖြစ်ပါတယ်။ ညီက ဓာတ်ပုံဝါသနာပါတော့ ဦးဇော်ဝင်းဖေတို့ကိုရော သိတယ်မလား။ ဓာတ်ပုံအသင်းကပဲလေ။ အစ်ကိုနဲ့ အရမ်းခင်တယ်။ နောက်ပြီး ရတနာပုံဈေးက Skywalk မှာ အစ်ကို့သူငယ်ချင်းရှိတယ် ညီလည်း သိမှာပါ။ Image Digital Photo Studio ဖွင့်ထားတာလေ။ နာမည်က သဲသဲ။ သူလည်း GTC တက်ခဲ့တာပဲ။ သူ့ကိုတွေ့ရင်တော့ မေးနေတယ်လို့ပြောလိုက်ပါဦး :)

Myo Kyaw Htun said...

ကိုနေကြီးရေ မန်းက လတ်တလော ဓာတ်ပုံတွေကို တင်တင်ပေးနေတဲ့အတွက် ကျေးဇူးပါပဲဗျာ

TKG said...

နေက တကယ်ကြတ်ပါတယ်။ လုံးဝကြီးမှောင်သွားတာမဟုတ်တာပါ... တပိုင်းတစတော့ကြတ်ပါတယ်။
နောက်မှ ကျတ်တာအဆင့်ဆင့်ကို တင်ပေးပါ့မယ်။
နေကြတ်တာကို ဖမ်းချင်ရင် အပါချာကို ဂိတ်ကုန်ပိတ်၊ ရှပ်တာကို ဂိတ်ကုန်တင်... အဲလောက်မှတော်ကာကျပါတယ်.... ကျွန်တော်ရိုက်တဲ့ ဆတ်တင်က အပါချာ f.32 ၊ ရှပ်တာစပိဒ် 1/4000 second ပါ...။

Hay Mar said...

Good job, man.