Tuesday, March 20, 2007

အလတ်ကြီးရှိပါသေးတယ်
တစ်နေကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြရသော လင်မယားတစ်စုံတွဲ အိပ်ရာဝင်ရန် ပြင်နေကြသည်။ အမျိုးသမီးသူ့ယောက်ျား ကိုပြောသည်။ `ကျွန်မမှန်ထဲကြည့်လိုက်ရင် မိန်းမအိုကြီးတစ်ယောက်ကို မြင်နေရပြီ။ မျက်နှာမှာ အရေးအကြောင်းအပြည့်နဲ့ တစ်ကိုယ်လုံးလဲ တွဲနေရွဲနေတာပဲ။ ဒီမှာကြည့်ပါဦး။ ကျွန်မရဲ့ လက်မောင်းနှစ်ဖက်က တွန့်နေတဲ့အရေတွေကို´ သူမ၏ယောက်ျားက နှုတ်ဆိတ်နေသည်။ `ဟေး- ကျွန်မစိတ်ချမ်းသာအောင် ကောင်းတာလေးတစ်ခုလောက် ရှာကြံပြောဦးလေ´ `အင်း-မင်းရဲ့ အမြင်အာရုံကတော့ စူးတုန်းရှိပါသေးတယ်ကွာ´

ဂျက်ဖရေးရိုက်ဖ်


ဒွိလိင်လေလော
ကွန်ပျူတာသည် အထီးလော၊ အမလောဟု လင်မယားနှစ်ဦး ငြင်ခုံနေကြသည်။ "မိန်းမမှ မိန်းမအစစ်ကွ။ သူတို့တွေအတွက် ဆက်စပ်ပစ္စည်းတွေ ၀ယ်ပေးရတာကိုက လစာတစ်ဝက်လောက်ကုန်တယ်။ ဒါလောက်လုပ်ပေးတာတောင် အသေးဆုံး အပြစ်ကလေးကို တစ်ချိန်မှာသုံးဖို့ သူတို့ရဲ့ ရေရှည်မှတ်ဥာဏ် ထဲမှာ မှတ်ထားလိုက်သေးတယ်" "မဟုတ်ဘူး။ သူကအထီးမှ အထီးပါတော်။ သူတို့ရဲ့ ဂရုစိုက်မှုရဖို့ရာ သူတို့ကို "အွန်" လုပ်ပေးရသေးတယ်။ အွန်လုပ်ပြီးတာနဲ့ သူတို့အကြောင်းကို ချက်ချင်းသိရတော့တာပဲ။ နည်းနည်းလေးသာ အချိန်စောင့်ပြီးမှ ၀ယ်လိုက်ရရင် အများကြီးပိုကောင်းတဲ့ မော်ဒယ်ကိုရနိုင်တယ်လေ"
ဂေါ်ဒွန်ရီးနီး


ကနီကနဲသား ဆိုသော စာရေဆရာက 2006 Dec R.D မှဟာသများကို ရယ်စရာမဂ္ဂဇင်း အမှတ်-၁၇၊ ဧပြီလ၊ ၂၀၀၇
စာအုပ်တွင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

0 comments: