Saturday, March 3, 2007

ကျွန်တော့် ဦးလေးမိသားစုကို မန်းလေးတောင်ပေါ် လိုက်ပို့ရင်းက ကြည်နူးစရာမြင်ကွင်းကို တွေ့မြင်ခဲ့ရတာပါ။ ကင်မရာကလည်း လက်ထဲအသင့်ရှိနေတော့ ကျွန်တော်စိတ်ကြိုက် ရိုက်တော့တာပေါ့။ ကျွန်တော်မန်းလေးမှာ နေတာကြာပါပြီ။ မန်းလေးတောင်ပေါ်မှာ ဒီလိုဆီမီးတွေထွန်းမှန်း မသိခဲ့ပါဘူး။ တော်တော့်ကို ကြည်နူးစရာကောင်းပါတယ်ဗျာ။ လူတွေသာရှိနေတာ အသံတွေက ဆူညံမနေဘူးဗျ။ ဆီမီးထွန်းသူတွေကတော့ တောင်ပေါ်ဈေးသည်များ ဆိုပြီးတစ်စု၊ ဘုန်းတော်တိုးဆိုပြီး တစ်စု၊.....စုံလို့ပါပဲဗျာ။ ကျွန်တော်ဓာတ်ပုံလိုက်ရိုက်တော့ ကျေနပ်နေကြတာဗျ။ မရောက်၊ မသိလိုက်သူတွေ ကြည့်မြင်ရအောင် ကျွန်တော်တင်ပေးလိုက်တာပါ......။ မန်းလေးတောင်ပေါ်ကနေ ညရှုခင်းတွေလည်းရိုက်သေးတယ်ဗျ ကိုယ်ဘာသာကို မကြိုက်လို့ မတင်တော့တာပါ။









3 comments:

Chan Mya Soe said...

ဓာတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ်။ နောင်မှာလည်း များများထပ်ပြီး ရိုက်နိုင်ပါစေ တင်နိုင်ပါစေလို့ မျှော်လင့်ပါတယ် :)

Myo Kyaw Htun said...

ကိုနေကြီး ကျေးဇူးပဲဗျာ။ ဒီပုံတွေကြည့်ပြီး အလွမ်းဖြေနေတယ်။

TKG said...

ကောင်းတယ်ဗျာ... ကျုပ်လဲ ဒီလိုဓလေ့ရှိမှန်းသိတာမဟုတ်ဘူး။ နောက်ကြုံမှ မန်းလေးသားတွေ ပေါင်းပြီး အောက်ဒိုးထွက်ရအောင်ပါ။ များများသာတင်ပါ။ မကြာခဏလာလည်ဖြစ်ပါတယ်။