Thursday, March 22, 2007





ကျွန်တော် ညပိုင်းကျုံးဘေး ရောက်တုန်း လျှောက်ရိုက်ထားတာပါ။ လက်ကမငြိမ်တော့ နည်းနည်းဝါးသွားတယ်။ သည်းခံပေးကြပါဗျာ။

Tuesday, March 20, 2007


ကိုဝေမြင့်မော် ပြောလို့ နေကြတ်တာကို ၁၉ရက် နံနက် ၉း၀၀ နာရီမတိုင်ခင် နေကိုမော့မော့ကြည့်နေတာဗျာ... မျက်လုံးတောင်ပြာတယ်။ ကိုဇော်မိုးအောင်ပြောမှ စိတ်လျှော့လိုက်တာ။ ၈း၀၀ နာရီ ကတည်းကကြတ်ပြီးသွားပြီတဲ့...။ ကျွန်တော့်မှာ ကင်မရာလေးကိုင်ပြီး ရတနာပုံဈေး အပေါ်ထပ်မှာ ဘေးကလူတွေကို ဆရာကြီးလုပ်ပြီး အပြီစောင့်နေတာဗျ။အဲ... မကြတ်တော့ဘူး ဆိုတာကိုသိမှ အရှုံးတော့ မခံဘူးဆိုပြီး ရှိတဲ့နေကို ရိုက်ယူလာခဲ့တာ...။ ဒါကို ... ကိုဝေမြင့်မော် က ပြောသေးတယ်... ဟောင်ကောင် အချိန်နဲ့ မှားသွားလို့တဲ့...။



ရတနာပုံဈေး အပေါ်ထပ်ကနေ လက်ဆော့ထားတာပါ။ ရွှေဖြူ ပလာဇာလေ...။

အလတ်ကြီးရှိပါသေးတယ်
တစ်နေကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြရသော လင်မယားတစ်စုံတွဲ အိပ်ရာဝင်ရန် ပြင်နေကြသည်။ အမျိုးသမီးသူ့ယောက်ျား ကိုပြောသည်။ `ကျွန်မမှန်ထဲကြည့်လိုက်ရင် မိန်းမအိုကြီးတစ်ယောက်ကို မြင်နေရပြီ။ မျက်နှာမှာ အရေးအကြောင်းအပြည့်နဲ့ တစ်ကိုယ်လုံးလဲ တွဲနေရွဲနေတာပဲ။ ဒီမှာကြည့်ပါဦး။ ကျွန်မရဲ့ လက်မောင်းနှစ်ဖက်က တွန့်နေတဲ့အရေတွေကို´ သူမ၏ယောက်ျားက နှုတ်ဆိတ်နေသည်။ `ဟေး- ကျွန်မစိတ်ချမ်းသာအောင် ကောင်းတာလေးတစ်ခုလောက် ရှာကြံပြောဦးလေ´ `အင်း-မင်းရဲ့ အမြင်အာရုံကတော့ စူးတုန်းရှိပါသေးတယ်ကွာ´

ဂျက်ဖရေးရိုက်ဖ်


ဒွိလိင်လေလော
ကွန်ပျူတာသည် အထီးလော၊ အမလောဟု လင်မယားနှစ်ဦး ငြင်ခုံနေကြသည်။ "မိန်းမမှ မိန်းမအစစ်ကွ။ သူတို့တွေအတွက် ဆက်စပ်ပစ္စည်းတွေ ၀ယ်ပေးရတာကိုက လစာတစ်ဝက်လောက်ကုန်တယ်။ ဒါလောက်လုပ်ပေးတာတောင် အသေးဆုံး အပြစ်ကလေးကို တစ်ချိန်မှာသုံးဖို့ သူတို့ရဲ့ ရေရှည်မှတ်ဥာဏ် ထဲမှာ မှတ်ထားလိုက်သေးတယ်" "မဟုတ်ဘူး။ သူကအထီးမှ အထီးပါတော်။ သူတို့ရဲ့ ဂရုစိုက်မှုရဖို့ရာ သူတို့ကို "အွန်" လုပ်ပေးရသေးတယ်။ အွန်လုပ်ပြီးတာနဲ့ သူတို့အကြောင်းကို ချက်ချင်းသိရတော့တာပဲ။ နည်းနည်းလေးသာ အချိန်စောင့်ပြီးမှ ၀ယ်လိုက်ရရင် အများကြီးပိုကောင်းတဲ့ မော်ဒယ်ကိုရနိုင်တယ်လေ"
ဂေါ်ဒွန်ရီးနီး


ကနီကနဲသား ဆိုသော စာရေဆရာက 2006 Dec R.D မှဟာသများကို ရယ်စရာမဂ္ဂဇင်း အမှတ်-၁၇၊ ဧပြီလ၊ ၂၀၀၇
စာအုပ်တွင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Monday, March 19, 2007


ကင်မရာလေးလေ.....ကျွန်တော်အသည်းအသန်လိုချင်နေတာ....




ဒါကတော့ အဲ့ဒီကင်မရာလေး ထည့်ဖို့အိတ်လေ.....


ကျွန်တော်သာ ဒီရက်ကက်လေးနဲ့ ရိုက်လိုက်ရရင် ရိုက်ချက်လေးတွေ ပြောမပြတတ်အောင် ကောင်းသွားမယ်....



ဒါလေးက ကျွန်တော်ဘယ်သွားသွား ယူသွားပြီး Blog အတွက် Post လေးတွေမပြတ်ရေးမယ် .... ပုံလေးတွေပြုပြင်မယ်.... အပျင်းလည်းပြေပေါ့ဗျာ.....



ကျွန်တော် ခရီးလေးဘာလေးသွားရင် စီးရအောင်ပါ.... သူငယ်ချင်းတွေလည်း ခေါ်ရတာပေါ့..... ကျွန်တော်က ကားဆိုရင်လည်း မြန်မှကြိုက်တာ....



ဆိုင်ကယ်စီးရတာလည်း ၀ါသနာဗျ.... ရှေ့ဘီးလေးဘာလေးလဲ ထောင်ရတာပေါ့....



ဒီဖိနပ်ကလေးကလည်း စီးချင်တာကြာပါပြီ... မ၀ယ်နိုင်တာကတစ်ကြောင်း၊ ရာသီဥတုမကိုက်တာကတစ်ကြောင်း ကြောင့် မစီးရပါဘူးဗျာ.....




ကျွန်တော်လိုချင်တာလေးတွေကို ဖြည့်စည်းပေးမယ့် လူကလည်းမရှိ၊ ကိုယ်ကိုတိုင်ကလည်း မ၀ယ်နိုင်၊ အသားလွတ် လာပေးမယ်လူကလည်းမရှိတော့ ဝေနေဆဲပါပဲခင်ဗျာ။ Blogger မိတ်ဆွေတွေထဲက တတ်နိုင်သူများရှိရင်၊ ကျွန်တော့ကိုစေတနာရှိရင် ၀ယ်ပေးမှာပဲ ဆိုတဲ့စိတ်နဲ့ ရေးတင်လိုက်တာပါဗျာ..... ဟူး....ခုမှနည်းနည်းပေါ့သွားတယ်....

Monday, March 12, 2007





ဘာရယ်မဟုတ်ပါဘူး။ လှမလားလို့ ရိုက်ကြည့်တာ။


မြို့တော်ဝန်မဏ္ဌပ်လေ။ ဆောက်နေတာဒီအခြေအနေ တောင်ရောက်နေပြီ။

Saturday, March 10, 2007

စစ်တန်မှာ ငယ်ငယ်က သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူ့ဟာနဲ့သူ ဆိုးကြတာချည်းပဲ။ တချို့ကျတော့ မျက်နှာပြောင်ကြတာပေါ့။ အဲ့ဒီထဲမှာ ကျော်နိုင်ဦးဆိုတဲ့ ကောင်ဆိုရင် ဆိုးလွန်းလို့ ဆရာမက ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပြီး ဘောင်းဘီချွတ်ထားရတဲ့အထိ။

ငြိမ်းချမ်းအောင်ဆိုတဲ့ကောင်က လက်ညှိုးထောင်ပြီး စာအုပ်လှည့်ဆော့လွန်းလို့ ကျောင်းရှေ့မှာ တစ်နေကုန် ဒူးထောက်တဲ့ဒဏ် ခတ်တာခံလိုက်ရတယ်။ နောက်တစ်ယောက်က မြင့်ဌေးအောင်။ မျက်နှာပြောင်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး။
အခု နောက်ဆုံးပြောပြမဲ့တစ်ယောက်က မရှိ ရှိတာကို ကြွားတတ်တဲ့ `ဇော်သူ´ ဆိုတဲ့ သူငယ်ချင်းအကြောင်း။ ဘယ်လောက်တောင် ကြွားသလဲဆိုရင် တစ်နေ့ သူ့ကို တောင်ကြီးခေါ်သွားလည်တာ။ တန်ဆောင်တိုင်ပေါ့။
အဲ့ဒီမှာ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာပေါ့။ ဇော်သူက ကျွန်တော့ဘေးနားမှာ ထိုင်တာပေါ့။ အဲ့ဒီမှာစကားပြောရင်း ပြောရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ဇော်သူ့ကိုမေးတာပေါ့။
`အစ်ကိုက ကျောင်းပြီးသွားပြီလား´
`ဟုတ်ကဲ့´
တကယ်တော့ ဘုန်းကြီးကျောင်းထွက်။ မရှိ ရှိတာ ကြွားတတ်တာ ပြောပါတယ်။
`ဘာမေဂျာနဲ့လဲ´
`ဗုဒ္မဘာသာနဲ့´
လုပ်ပုံ။ မရှိတာလေးကို။ သူ့စကားကြားတော့ ကျွန်တော့သူငယ်ချင်း ကြောင်တောင်တောင်ဖြစ်သွားတယ်။ ပြီးမှ.......
`မဟုတ်ဘူးလေ အစ်ကို။ ဘာ အဓိကဘာသာနဲ့ ကျောင်းပြီးတာတုန်းလို့´
ဇော်သူရဲ့စကားကြောင့် ကျွန်တော်တောင်မအောင့်နိုင်ပဲ အော်ရယ်လိုက်မိတယ်။ သူပြောပုံက.........
`ပရိတ်ကြီး ၁၁ သုတ်နဲ့ ပြီးတာလေ´ ဟူသတတ်။

စိုင်းဥာဏ်လင်းဟန်(မိုးနဲ)

ရယ် / ချစ်သူ-၈၃၃၄


မှတ်ချက်။ ။ ရယ်စရာမဂ္ဂဇင်း အမှတ် ၁၆ ၊ မတ်လ ၊ ၂၀၀၇ ........... တွင်ပါသော ရယ်စရာချစ်သူတွေ ရေးသော ၀တ္တုတိုတွေထဲမှ တင်ပြခြင်းဖြစ်ပါတယ်။

Friday, March 9, 2007








ပိုပြီးကြည့်ချင်တယ်ဆိုရင် ဒီနေရာမှာ ၀င်ကြည့်ပါခင်ဗျာ.......

source: http://www.kurilka.com/funny_pictures/funny-pictures-4.htm

Saturday, March 3, 2007

ကျွန်တော့် ဦးလေးမိသားစုကို မန်းလေးတောင်ပေါ် လိုက်ပို့ရင်းက ကြည်နူးစရာမြင်ကွင်းကို တွေ့မြင်ခဲ့ရတာပါ။ ကင်မရာကလည်း လက်ထဲအသင့်ရှိနေတော့ ကျွန်တော်စိတ်ကြိုက် ရိုက်တော့တာပေါ့။ ကျွန်တော်မန်းလေးမှာ နေတာကြာပါပြီ။ မန်းလေးတောင်ပေါ်မှာ ဒီလိုဆီမီးတွေထွန်းမှန်း မသိခဲ့ပါဘူး။ တော်တော့်ကို ကြည်နူးစရာကောင်းပါတယ်ဗျာ။ လူတွေသာရှိနေတာ အသံတွေက ဆူညံမနေဘူးဗျ။ ဆီမီးထွန်းသူတွေကတော့ တောင်ပေါ်ဈေးသည်များ ဆိုပြီးတစ်စု၊ ဘုန်းတော်တိုးဆိုပြီး တစ်စု၊.....စုံလို့ပါပဲဗျာ။ ကျွန်တော်ဓာတ်ပုံလိုက်ရိုက်တော့ ကျေနပ်နေကြတာဗျ။ မရောက်၊ မသိလိုက်သူတွေ ကြည့်မြင်ရအောင် ကျွန်တော်တင်ပေးလိုက်တာပါ......။ မန်းလေးတောင်ပေါ်ကနေ ညရှုခင်းတွေလည်းရိုက်သေးတယ်ဗျ ကိုယ်ဘာသာကို မကြိုက်လို့ မတင်တော့တာပါ။









Thursday, March 1, 2007

ကျွန်တော်ရဲ့ အားရပါးရဆော်မယ်ဆိုတဲ့ ပုံစံပါ...........



ကျွန်တော်ပြေးလိုက်ပြီး ကြိုးကြိုးစားစား ရိုက်နေပုံပါ..........



ကျွန်တော်ကရိုက်ပြီဆိုရင်တော့ ခပ်ပြင်းပြင်းလေးပဲ........




ကျွန်တော် Volley ရိုက်မလို့ စောင့်နေတာပါ.....ဒါပေမဲ့ မရိုက်လိုက်ရဘူးထင်တာပဲ....



တင်းနစ်ဆရာပဲ....ဒိုင်လုပ်နေတာလေ.....




ကစားသမားတစ်ယောက်ပါ....လိုင်းကြပ်လုပ်ခိုင်းထားတာ....ငေးနေလို့ ရိုက်ထားတာ.......




ကျွန်တော် နဲ့ဆန့်ကျင်ဘက် ကစားသမားတစ်ယောက်ပါ....ကျွန်တော်သူ့ကို ရှုံးခဲ့တာပေါ့...မကျေဘူး နောက်တစ်ခါနိုင်အောင်ဆော်မှာ...



ကျွန်တော် Return ဖမ်းမလို့စောင့်နေတာ....



ကိုကုလားရဲ့...အားပါတဲ့...စပေးဘော ရိုက်ချက်ပါ.....



ကျွန်တော်နဲ့ ဆန့်ကျင်ဘက် ကစားသမားပါ...



ကျွန်တော့်ရဲ့ ဆရာပါ...နည်းပြပဲဆိုပါတော့...သူဆူသမျှ ခံပြီးကြိုးစားရတာဗျ...ရဲဇာနည်တင်းနစ်ကလပ်ရဲ့ နည်းပြကြီးပါ...



ဆရာအားရပါးရ ရိုက်တာပဲ...ဒါပေမဲ့ ပိုက်ထဲဝင်သွားတယ်......



စစ်ကိုင်းတိုင်းရဲ့ အကျွေးအမွေးအစီအစဉ်ပါ.....လူကြီးတွေကို ရိုက်ထားတာပါ.....



ကျွန်တော့် သူငယ်ချင်းပါ...Blogger တစ်ယောက်ပဲလေ...သူပုံစံက စားမယ် ၀ါးမယ်ဆိုတဲ့ ပုံပဲ....ဟဲဟဲ....