Monday, February 19, 2007

Poem (Since 1999)

“ကျောင်းတော်”

ကျောင်းတက်ချိန်
ရက်နေ့လပြောင်း
အညောင်းမိ
ငါးနာရီတိတိ....

ကျောင်းတော်ရောက်သော်
ခေါ်ဝေါ်ဆိုပြော
တသောသောနှင့်
စားကြသောက်ကြ
အိပ်ငိုက်ကြ၍
စိတ်ကမပါ
ကျောင်းစာမှာ....

စကာပြောသံ
ညံညံစီစီ
ဟီးဟီးဟားဟား
ဟိုအကြောင်း
ဒီအကြောင်း
ဆိုပြောရင်းက
ကုန်ဆုံးသွားတဲ့
တို့ကျောင်းလေး.......။

နှလုံးသွေး

မှတ်ချက် ။ ကျွန်တော် ၉-တန်းကျောင်းသားဘ၀တုန်းက ဟိန်းသူအောင်လို့ခေါ်တဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရေးတာပါ။ ဟုတ်သလိုလိုပဲမို့လို့ တင်လိုက်တာပါ။
ကျွန်တော့်ကျောင်းသားဘ၀က သူပြောသလို ပုံစံနဲ့များတိုက်ဆိုင်နေသလားလို့ပါ။